GTA 5 မှာ NAT TYPE Strict ဖြစ်နေတာကို Port Forwarding ဘယ်လိုလုပ်ရမလဲ

GTA 5 မှာ NAT TYPE Strict ဖြစ်နေတာကို Port Forwarding နဲ့ Moderate ဖြစ်အောင် လုပ်လို့ရပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အောက်ကအဆင့်တွေကိုပြုလုပ်ရမှာဖြစ်ပါတယ်။

မှတ်ချက်။ ။ အခုနည်းလမ်းဟာ Broadband နဲ့ Fiber အင်တာနက်ယူထားတဲ့ သူတွေအတွက်သာအဆင်ပြေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်ထဲအဝင် Internet Modem မှာသွားလုပ်ရမှာဖြစ်လို့ Internet Modem/Router ကို access လုပ်နိုင်မှရမှာဖြစ်ပါတယ်။ Myanmar Net WIFI လို စက်မျိုးတွေက ထပ်ဆင့်ပြန်လွှင့်ထားတာြဖစ်တဲ့အတွက် အောက်ကနည်းလမ်းကို အသုံးပြုလို့ရမှာမဟုတ်ပါဖူး။

Local Network (LAN) ထဲက မိမိကွန်ပျူတာရဲ့ လက်ရှိ IP အားရှာဖွေခြင်း

Port Forwarding လုပ်ဖို့ မိမိစက်ရဲ့ လက်ရှိ Internal/ Local IP Address ကို ရှာဖွေရပါမယ်။ အဲ့အတွက် Window ရဲ့ Command Prompt ကိုဖွင့်ရပါမယ်။

ကွန်ပျူတာအား Static IP သတ်မှတ်ခြင်း

ကိုယ့်စက်ရဲ့ Local IP ကိုသိရင် အဲ့ IP ကို Static IP ြဖစ်အောင်သတ်မှတ်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ Window စက်တွေဟာ ပုံမှန် Dynamic IP ကိုအသုံးပြုတာပါ။ ဆိုလိုတာကတော့ ကိုယ့်ကွန်ပျူတာကို restart လုပ်လိုက်ရင် အခုလက်ရှိ IP ဟာ နောက်တစ်ခုကိုပြောင်းသွားတတ်ပါတယ်။ အဲ့အတွက် Local IP တစ်ခုကို အမြဲဖြစ်နေအောင် အသေသတ်မှတ်ပြီး Static IP အနေနဲ့အသုံးပြုလို့ရပါတယ်။

Static IP သတ်မှတ်ဖို့အတွက်အောက်ကအတိုင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။

Step-1

Step-2

Step-3

Step-4

Step-5

အပေါ်ကအဆင့်တွေလုပ်ပြီးသွားရင် ကိုယ့်ကွန်ပျူတာကို restart ပြန်လုပ်ပြီး cmd မှာ ipconfig ပြန်ခေါ်ကြည့်ပါက ခုနကလုပ်ထားတဲ့ Static IP တွေဖြစ်နေပြီဆိုရင်အောင်မြင်ပါပြီ။ မဖြစ်နေဖူးဆိုရင်တော့ အစကနေပြန်လုပ်ကြည့်ပါ။

Internet Modem/Router အားဆက်သွယ်ခြင်း

အခု ဉပမာအနေနဲ့လုပ်ပြမဲ့ Router ဟာ Huawei HG8121H ြဖစ်ပါတယ်။ Router အမျိုးအစားမတူရင်တော့ အောက်က ပုံအတိုင်းတော့ Menu နဲ့ Setting တွေက တစ်ပုံစံထဲဖြစ်နေမှာမဟုတ်ပါဖူး။

မိမိ Internet Modem/Router ကို ဆက်သွယ်ဖို့ Default IP address ကို Browser ရဲ့ Address Bar မှာရိုက်ထည့်ပါ။

မှတ်ချက်။ ။ အခုအဆင့်က မိမိရဲ့ Internet Modem/Router ရဲ့ Account Name နဲ့ Password သိဖို့လိုပါတယ်။ အကယ်လို့ မသိခဲ့ရင် Huawei Router ရဲ့ default password တွေကို အောက်ကလင့်မှာ ကြည့်လို့ရပါတယ်။
https://portforward.com/router-password/huawei.htm

Huawei မဟုတ်ရင်လဲ Google မှာ ကိုယ့် Router အမျိုးအစားနဲ့ Default password ကိုရိုက်ရှာကြည့်ပါ။

Port Forward ပြုလုပ်ခြင်း

Router ထဲကိုဝင်ပြီးသွားရင်တော့ Port Forward Setting တစ်ဆောက်ရပါမယ်။

အပေါ်ကအဆင့်တွေအားလုံးပြီးသွားရင် Router ကို restart လုပ်ပေးပါ။