Organizations

Organization ကို GTA Online ရဲ့ Executives and Other Criminals update မှာစတင်အသက်ဝင်လာတာြဖစ်ပါတယ်။ ဒီ update ဟာ ကစားသူ player တစ်ယောက်ကို Criminal Organization တစ်ခုထူထောင်ပြီး VIP (သို့) CEO တစ်ယောက်ဖြစ်စေနိုင်တဲ့အပြင် တစ်ခြား player တွေကိုလည်းကိုယ့်ရဲ့ Bodyguard/Associates အဖြစ်ငှားရမ်းပြီး အလုပ်တွေကို အတူတကွလုပ်နိုင်မှာဖြစ်ပါတယ်။

မှတ်ချက်။ GTA Online မှာ Player တစ်​​ယောက်အနေနဲ့ VIP/CEO နဲ့ Motorcycle Club President (MC President) ဆိုပြီးနှစ်ခုခံယူလို့ရပါတယ်။ ဒါပေမယ့် တစ်ကြိမ်မှာ တစ်မျိုးပဲရပါတယ်။ ဆိုလိုတာ VIP/CEO လုပ်မယ်ဆို MC President အဖြစ်ကနေခဏ အနားယူရပါမယ်။ (MC President အချိန်မရွေးပြန်လုပ်လို့ရပါတယ်) အဲ့လိုပဲ MC President လုပ်မယ်ဆို VIP/CEO အဖြစ်ကနေ ထွက်ရပါမယ်။

Organization တစ်ခုထူထောင်ဖို့ဘာတွေလိုလဲ?

VIP/CEO ဖြစ်ဖို့ Organization တစ်ခုထူထောင်မယ်ဆိုရင်တော့ player ဟာ Free Mode မှာဖြစ်နေရမှာဖြစ်ပြီ နည်းလမ်း ၂ မျိုးနဲ့လုပ်ဆောင်နိုင်ပါတယ်။

၁။ VIP ဖြစ်ဖို့အတွက် player ဟာ အနည်းဆုံး $50,000 ဘဏ်ထဲမှာရှိရပါမယ် (အရင်ကတော့ $1 millions ပါ) နောက်ပြီး VIP Status ဟာ ၄နာရီပဲခံပါမယ်။ အချိန်ပြည့်သွားရင် VIP ပြန်လုပ်ရပါမယ်။

၂။ CEO ဖြစ်ဖို့ကတော့ Dynasty 8 Executive ကနေ Executive Office တစ်ခုအပိုင်ဝယ်ထားရမှာပါ။ ဒါကတော့ VIP Status လိုအချိန်အကန့်အသတ်မရှိပါဘူး အမြဲတမ်း CEO ဖြစ်နေမှာပါ။

Organization တစ်ခုထူထောင်မယ်ဆိုရင်တော့ Interactive Menu (M) ကိုနိုပ်ပြီး SecuroServ အောက်ကနေပြုလုပ်ရမှာဖြစ်ပါတယ်။

Game Session တစ်ခုမှာ အများဆုံး 10 VIP/CEO ပဲလက်ခံပါတယ်။ ဆိုလိုတာ 10 ယောက်ပြည့်သွားရင် ကျန်တဲ့ player တွေ register လုပ်လို့ရမှာမဟုတ်တော့ပါဘူး။

Organization ရှိရင်ဘာတွေလုပ်လို့ရလဲ?

  • Special Cargo ဆိုတဲ့ ကုန်စည်တွေဝယ်ပြီးအမြတ်တင်ပြီးပြန်ရောင်းတာ။ လိုအပ်ချက်အနေနဲ့ Warehouse ဝယ်ဖို့လိုပါတယ်။
  • Import/Export ဆိုတဲ့ ခိုးခိုင်းတဲ့ Vehicle Cargo ကားတွေ ကိုလိုက်ခိုးပြီး ပြန်ရောင်းတာ။ Vehicle Warehouse ဝယ်ဖို့လိုပါတယ်။
  • Gunrunning ကလည်း မြေပုံပေါ်မှာပေါ်လာမယ့် လက်နက်သယ်ပို့တာတွေကို ဖြတ်လုပြီး ပြန်ရောင်းရတာပါပဲ။ သူလည်း စလုပ်ဖို့ကို Bunker ဆိုတာဝယ်ဖို့လိုပါတယ်။
  • Smuggler’s Run ကတော့ Special Cargo နဲ့ဆင်တူပေမယ့် Air Freight Cargo တွေကိုလိုက်လုရတာဖြစ်တဲ့အတွက် Hanger ဆိုတဲ့ လေယာဥ်ထားလို့ရတဲ့ အဆောက်အဉီးလိုပါတယ်။
  • Heists လိုခေါ်တဲ့ ဖောက်ထွင်းမှုအကြီးစားတွေ အဖွဲ့နဲ့လုပ်ရတာတွေလုပ်နိုင်တယ်။ ဒါကိုလုပ်နိုင်ဖို့ Facility ဆိုတဲ့ အဆောက်အဉီးဝယ်ဖို့လိုပါတယ်။
  • NightClub ဖွင့်ပြီးပိုက်ဆံရှာလို့ရပါမယ်။ အဲ့အတွက် NightClub ဆိုတဲ့ အဆောက်အဉီးဝယ်ဖို့လိုပါတယ်။

VIP/CEO status ကဘာတွေလုပ်လို့ရလဲ?

VIP/CEO ဖြစ်သွားရင် VIP Works/ VIP Challenges တွေလုပ်ပြီး ပိုက်ဆံ နဲ့ RP တွေရှာနိုင်ပါမယ်။ နောက်ပြီး ကိုယ်ကစားနေတဲ့ Game Session ထဲက တစ်ခြား player တွေကို Bodyguard/Associate ဖြစ်အများဆုံး ၃ယောက်ထိငှားနိုင်ပါတယ်။

VIP/CEO တွေမှာ Special Ability ဖြစ်တဲ့ Vehicle ခေါ်တာမျိုးတို့၊ Ghost Organization ဆိုတဲ့ 3 မိနစ်လောက် ကိုယ့်ကို မြေပုံပေါ်ကဖြောက်ထားပေးထာတို့တွေ ကို ပိုက်ဆုံသုံးပြီးလုပ်ဆောင်နိုင်ပါတယ်။

VIP Works ဆိုတာဘာတွေလဲ?

VIP Work တစ်ခုကိုလုပ်ပြီးတိုင်း နောက်တစ်ခုလုပ်ဖို့ ၅ မိနစ်စောင့်ရပါတယ်။ အကယ်လို့ အမျိုးအစားတူတာပဲပြန်လုပ်မယ်ဆိုရင်တော့ ၁၀ မိနစ်စောင့်ရပါမယ်။

Solo Organization Modes ဆိုတာကတော့ player တစ်ယောက်ထဲလုပ်လို့ရတဲ့ အလုပ်မျိုးအစားတွေပါ။ ဆိုလိုတာ Bodyguard/Associate ငှားထားစရာမလိုဘူး (မရှိမဖြစ်မဟုတ်ဘူးဆိုလိုတာပါ ငှားထားလဲရပါတယ်) ၊ Game Session ထဲမှာတစ်ခြား player တစ်ယောက်ရှိနေစရာမလိုဘူး။

  • Asset Recovery – VIP/CEO နဲ့ bodyguards/associates တွေက ရဲစခန်းထဲမှာ ထိမ်းသိမ်းထားတဲ့ ကားကို သွားခိုးပြီး ပို့စေချင်တဲ့နေရာကို အရောက်ပို့ပေးရမှာပါ။ တစ်ခါတစ်လေမှာ တစ်စီးထက်လဲပိုနိုင်ပါတယ်။
  • Hostile Takeover – VIP/CEO နဲ့ bodyguards/associates တွေက လုံခြုံရေးတင်းကြပ်တဲ့နေရာက ပစ္စည်းကိုသွားယူပြီး ပို့စေချင်တဲ့နေရာကိုအရောက်ပို့ပေးရမှာပါ။
  • Sightseer – VIP/CEO နဲ့ bodyguards/associates တွေက Sightseer ဆိုတဲ့ phone ထဲက app ကို hack ပြီး ပစ္စည်းတွေရဲ့တည်နေရာကိုရှာဖွေပြီး သွားရောက်ရယူရမှာပါ။ ပုံမှန်တော့ ၃ခါ hack ပြီး ၃ နေရာသွားယူရပါတယ်။ သွားယူတဲ့အချိန်မှာ Game Session ထဲက တစ်ခြား player တွေကလည်းကိုယ့်ကို မြင်ရတဲ့ အတွက် လာရောက်တိုက်ခိုက်နိုင်ပါတယ်။ အဲ့လို အခက်အခဲမျိုးကို CEO Ability ထဲက Ghost Organization မျိုးကို ဝယ်ယူပြီး အချိန် အကန့်အသတ်နဲ့ ကာကွယ်နိုင်ပါတယ်။
  • Headhunter – VIP/CEO နဲ့ bodyguards/associates တွေက မြေပုံပေါ်မှာရှိတဲ့ VIP Target 4 ယောက်ကို ပေးထားတဲ့ အချိန်အတွင်းမှာ လိုက်သတ်ရမှာဖြစ်ပါတယ်။
  • Fortified – CEO နဲ့ associates ပေထားတဲ့ အချိန်အတွင်းမှာ NPC နဲ့ တစ်ခြားလာတိုက်မယ့် player တွေရန်ကကာကွယ်ရမှာြဖစ်ပါတယ်။
  • Velocity – CEO အနေနဲ့ Rocket Voltic ဆိုတဲ့ကားကို မိုင် ၆၀ အောက်မကျအောင် ၁၀ မိနစ်မောင်းရမှာြဖစ်ပါတယ်။ မိုင်၆၀ အောက်ကျတာနဲ့ ကားမှတပ်ထားတဲ့ timer က စအလုပ်လုပ်ပြီး ကားကပေါက်ကွဲမှာဖြစ်ပါတယ်။ ပေါက်ကွဲမဲ့ timer မပြည့်ခင့် မိုင်၆၀ ပြန်တက်အောင်လုပ်နိုင်ရင် အဆင်ပြေပါတယ်။
  • Fully Loaded – CEO နဲ့ associates တွေက မြေပုံပေါ်မှာရှိတဲ့ လက်နက်တပ်ဆင်ထားတဲ့ ကား ၁၀ စီးကို လိုက်ဖျက်စီးရမှာပါ။
  • Transporter – CEO နဲ့ associates တွေက Wastelander ဆိုတဲ့ကားနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပစ္စည်းတွေလိုက်လံပိုဆောင်ရမှာပါ။ ဒီလိုပို့နေတဲ့အချိန်မှာ NPC နဲ့ တစ်ခြား Player တွေရဲ့တိုက်ခိုက်ခြင်းကိုခံရနိုင်ပါတယ်။
  • Plowed – CEO နဲ့ associates တွေက Phantom Wedge ဆိုတဲ့ကားနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပစ္စည်းတွေလိုက်လံပိုဆောင်ရမှာပါ။ ဒီလိုပို့နေတဲ့အချိန်မှာ NPC နဲ့ တစ်ခြား Player တွေရဲ့တိုက်ခိုက်ခြင်းကိုခံရနိုင်ပါတယ်။
  • Stockpiling – CEO နဲ့ associates တွေက Blazer Aqua ဆိုတဲ့ကားနဲ့ မြေပုံပေါ်မှာရှိတဲ့ cargo 40 ခု ကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာလိုက်လံ စုဆောင်းရမှာပါ။

Group Associate/Bodyguard Modes

အောက်က အလုပ်တွေကတော့ အနည်းဆုံး Bodyguard/Associate ၁ယောက်ရှိမှသာ လုပ်လို့ရမှာပါ။

  • Amphibious Assault  – CEO နဲ့ associates တွေက Technical Aqua ဆိုတဲ့ကားကို အသုံးပြုပြီး ကမ်းခြေတစ်လျောက်မှာရှိတဲ့ Cargo Crate ၉ ခုကို လိုက်ဖျက်စီးရမှာြဖစ်ပါတယ်။ NPC နဲ့ တစ်ခြား Player တွေရဲ့တိုက်ခိုက်ခြင်းကိုခံရနိုင်ပါတယ်။
  • Ramped Up – CEO နဲ့ associates တွေက Ramp Buggy ဆိုတဲ့ကားနဲ့ Sanchezဆိုတဲ့ ဆိုင်ကယ်ကို အသုံးပြုပြီး ‌ပေးထားတဲ့ အချိန်အတွင်းမှာ Cargo Crate အခု ၂၀ ကိုလိုက်လံဆုဆောင်းရမှာဖြစ်ပါတယ်။ NPC နဲ့ တစ်ခြား Player တွေရဲ့တိုက်ခိုက်ခြင်းကိုခံရနိုင်ပါတယ်။
  • Multiple Organization Modes
  • အောက်က အလုပ်တွေကတော့ အနည်းဆုံး ကိုယ့်အဖွဲ့မဟုတ်တဲ့ Player တစ်ယောက် Server ထဲမှာရှိမှသာ လုပ်လို့ရမှာပါ။
  • Haulage – VIP နဲ့ Bodyguard ‌တွေက တွဲကားကို သတ်မှတ်ထားတဲ့ နေရာရောက်အောင် အရောက်ပို့ရမှာ။ Server ထဲ က တစ်ခြား Player ကလည်းဖြတ်လုလို့ရမှာဖြစ်ပါတယ်။
  • Airfreight – VIP နဲ့ Bodyguard ‌တွေက အစာင့်တွေဆီက နေ ကိန်တိန်နာကို Cargobob Jetsam ဆိုတဲ့ helicopter ကို အသုံးပြုခိုးယူပြီး သတ်မှတ်ထားတဲ့နေရာကို ပို့ဆောင်ပေးရမှာပါ။
  • Piracy Prevention – လာရောက်တိုက်ခိုက်သူတွေကို သင်္ဘာအပါ်ဆုံးကို မတက်လာနိုင်အောင်ခုခံရမှာဖြစ်ပါတယ်။
  • Executive Search – Game Session ထဲက တစ်ခြား player တွေက ကိုယ့် VIP ကိုလာရောက်တိုက်ခိုက်တာကိို Bodyguard တွေက အသတ်မခံရအောင် ၁၀မိနစ်တိတိကာကွယ်ပေးရမှာပါ။ VIP ကို သတ်နိုင်တဲ့ player ဟာ ဆုကြေးငွေအဖြစ် ပိုက်ဆံရရှိမှာဖြစ်ပါတယ်။
  • Executive Deathmatch – Organization နှစ်ခုတိုက်ခိုက်ရမှာဖြစ်ပြီး ၁၀ခါသေခွင့်ရှိမှာပါ။

Organization Challenges

ကိုယ့် Organization ထဲမှာရှိတဲ့ Member အခြင်းခြင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်

  • Most Wanted – မန်ဘာတိုင်း Wanted star 5 ဖြစ်သွားမှာဖြစ်ပြီး ၁၀ မိနစ်ကြာမှာဖြစ်မှာပါ။ နောက်ဆုံး မသေပဲကျန်တဲ့ Player က အနိုင်ရမှာပါ။
  • Auto Buyout – မန်ဘာတွေက လမ်းပေါ်မှာရှိတဲ့ကားတွေကို ပေးထားတဲ့ အချိန်အတွင်းမှာ ခိုးရမှာဖြစ်ပါတယ်။ ကားတစ်စီးနဲ့တစ်စီး တန်းဖိုးမတူတဲ့ အတွက် သေခြာရွေးပြီးခိုးမှ နောက်ဆုံး တန်ဖိုးစုစုပေါင်းအများဆုံး ခိုးနိုင်သူကအနိုင်ရမှာဖြစ်ပါတယ်။
  • Market Manipulation – Challenge စတာနဲ့ မြေပုံပေါ်မှာရှိတဲ့ စျေးဆိုင်လေးတွေအားလုံး အ၀ါရောင်လေးနဲ့ ပေါ်လာမှာဖြစ်ပြီး ပေးထားတဲ့ အချိန်အတွင်းမှာ အဲ့ဆိုင်တွေကို ပိုက်ဆံလိုက်လုရမှာပါ။ အချိန်ကုန်တဲ့အချိန်မှာ အများဆုံး လုနိုင်သူက အနိုင်ရမှာ ဖြစ်ပါတယ်။
  • Point to Point – VIP ကသတ်မှတ်ထားတဲ့ နေရာကို အရောက်သွားရမှာဖြစ်ပါတယ်။ အရင်ဆုံးရောက်တဲ့ မန်ဘာဟာ အနိုင်ရမှာဖြစ်ပါတယ်။
  • Due Diligence – ​မြေပုံပေါ်က Flare နဲ့ပြထားတဲ့ package လေးတွေကိုမန်ဘာတွေက လိုက်စုဆောင်းရမှာဖြစ်ပါတယ်။ တစ်ထုပ်ကို $100 ရမှာဖြစ်ပြီး အများဆုံး စုဆောင်းနိုင်တဲ့မန်ဘာက အနိုင်ရမှာဖြစ်ပါတယ်။
  • Courier Service – ပိုက်ဆံထည့်ထားတဲ့ အိတ်တွေကို လိုက်ယူပြီး ပို့ခိုင်းတဲ့ နေရာကို လိုက်ပို့ရမှာဖြစ်ပါတယ်။
  • Cashing Out – ပေးထားတဲ့အချိန်အတွင်းမှာ ATM တွေအများဆုံး hack နိုင်တယ့် မန်ဘာဟာအနိုင်ရမှာဖြစ်ပါတယ်။
  • Salvage – ပေးထားတဲ့အချိန်အတွင်းမှာ ရေအောက်ထဲက အပျက်အစီးတွေထဲက ရှာခိုင်းတာကို အများဆုံးရှာနိုင်တယ့် မန်ဘာဟာအနိုင်ရမှာဖြစ်ပါတယ်။

Organization Abilities

VIP/CEO တစ်ယောက်အနေနဲ့ သာမန်ကစားသူတွေမရနိုင်တဲ့ အောက်ပါအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်။

  • Request Luxury Helicopter – $5,000 (Office building ဝယ်ပြီးမှပွင့်မှာဖြစ်ပါတယ်)
  • Drop Bullshark Testosterone – $1,000
  • Drop Ammo – $1,000
  • Drop Super Heavy Armor – $1,500
  • Ghost Organization – $12,000 (ကိုယ်‌‌နဲ့ ကိုယ့်မန်ဘာတွေကို မြေပုံပေါ်က ၃မိနစ်ဖြောက်ပေးမှာဖြစ်ပါတယ်)
  • Bribe Authorities  – $15,000 (Wanted Level ကို ဖျောက်ပေးမှာဖြစ်ပြီး နောက်ထပ်၂မိနစ်ထိခံမှာဖြစ်ပါတယ်)
  • Spectate Bodyguards  – ကိုယ့်ရဲ့ Bodyguard တွေဘာလုပ်နေလဲဆိုတာကြည့်လိုရပါတယ်

Organization Vehicles

CEO ဟာအထူးယာဉ်တွေကို လည်းခေါ်လို့ရပါတယ်။ တော်တော်များများက ကျည်ကာတပ်ထားပြီးသားတွေဖြစ်တဲ့အပြင်ကိုယ်ကဝယ်ထားပြီးသားယာဉ်ဆိုရင်တော့ FREE ခေါ်လို့ရပါတယ်။