GTA Online ကို Criminal Enterprise Starter Pack နဲ့ စပြီး ကစားမဲ့သူများအတွက်

GTA Online ကိုအခုမှ စပြီး ကစားမယ့်သူတွေ အတွက် Criminal Enterprise Starter Pack ကပေးထားတာတွေဟာ များလွန်းတဲ့အတွက် ဘယ်ကစရမှန်းမသိဖြစ်နေတတ်ပါတယ်။

Criminal Enterprise Starter Pack ဘာတွေပါလဲဆိုတာတော့ ဒီမှာ ဖတ်လို့ရပါတယ်။

GTA Online မှာ Player တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အဖွဲ့အစည်းနှစ်မျိုးကို ထူထောင်နိုင်ပါတယ်။

Criminal Enterprise Starter Pack မှာ နှစ်မျိုးလုံး ထူထောင်ဖို့လိုအပ်တာတွေပေးပြီးသားပါ။

Organization

CEO အဖြစ်နဲ့ Organization ထူထောင်ဖို့အတွက် Executive Office တစ်ခုဝယ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအတွက် Dynasty 8 Executive မှာ Maze Bank West Executive Office ကို Free ‌ပေးထားပါတယ်။

Executive Office ဝယ်တဲ့အခါမှာလဲ Office customization နဲ့ upgrade ‌‌တွေမလုပ်ပါနဲ့ အဲဒါတွေက အခုချိန်မှာ အရေးမကြီးပါဘူး နောက်ပိုက်ဆံတွေရှိတော့မှ လုပ်လို့ရပါတယ်။

Executive Office ဝယ်ပြီးတာနဲ့ CEO Status ကိုရရှိမှာဖြစ်ပြီး VIP Work တွေကိုစလုပ်လို့ရပါပြီ။

အခုမှစကစားမယ့် Player တွေအတွက် Headhunter နဲ့ Sightseer ဆိုတဲ့ နှစ်ခုကိုပဲလုပ်ဖို့ အကြံပေးလိုပါတယ်။ Headhunter ကို အရင်လုပ်ပါ၊ ပြီးသွားရင် ခဏစောင့်ပြီး Sightseer ကိုဆက်လုပ်ပါ။ ဒီအလုပ်တွေက တစ်ခုကို ၁၅မိနစ်လောက်ပဲကြာပြီး တစ်ခါလုပ်ရင် $25,000 လောက်ရပါတယ်။ အားသာချက်က တစ်ယောက်ထဲလုပ်လို့ ရတဲ့အပြင် Public Session ဖြစ်စရာမလိုပဲ Solo Session မှာလဲအေးဆေးကစားလို့ရပါတယ်။

အပေါ်က VIP Work မလုပ်ခင် Kuruma Armoured ကားကို ဝယ်ထားနိုင်ရင်တော့ပိုအဆင်ပြေပြီး လုပ်ဆောင်ရတာပိုလွယ်ကူမှာဖြစ်ပါတယ်။ Kuruma Armoured ကား ဝယ်ပြီးသွားရင်တော့ Buzzard Attack Chopper ကို ဒုတိယထားပြီဝယ်သင့်ပါတယ်။

CEO Works တွေနဲ့ အတူ Motorcycle Club (MC) ကိုလည်းတွဲ RUN ရမှာပါ။ MC ထူထောင်ဖို့ အတွက် CEO Status ကနေ Retire လုပ်ရမှာပါ။ နောက်ပြန်ပြီး CEO Status ကို Interactive Menu (M) > SecuroServ မှာ Free Register ပြန်လုပ်လို့ရပါတယ်။

Motorcycle Club House

Maze Bank Foreclosures အောက်မှာ Great Chaparral Biker Clubhouse တစ်ခုကို Free ပေးထားပါတယ်။ Motorcycle Club ရဲ့ customization နဲ့ upgrade တွေကိုလည်း နောက်ပိုက်ဆံတွေရှိတော့မှ လုပ်လို့ရပါတယ်။

Motorcycle Club ထူထောင်ပြီးရင်တော့ Motorcycle Club President Status ကိုရရှိမှာဖြစ်ပြီး MC Business တွေဆက်ထူထောင်လို့ရပါပြီ။

Criminal Enterprise Starter Pack မှာ Senora Desert Counterfeit Cash Factory ဆိုတဲ့ MC Business တစ်ခုကို လည်း Free ပေးထားပါတယ်။

တစ်ခြား MC Business တွေအကြောင်းတော့ သပ်သပ်ဆက်ရေးပေးပါမယ်။

MC Business တွေအလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။ Business တိုင်းမှာ Supplies နဲ့ Stocks ဆိုတာရှိတယ်။ Supplies ဆိုတာက ကုန်ကြမ်းဖြစ်ပြီး Stocks ကတာ့ကုန်ချောဖြစ်ပါတယ်။ အဲဒီနှစ်မျိုးကို ဘားတန်းလေးနဲ့ပြထားပါတယ်။

Business တစ်ခု အလုပ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ Supplies တွေလိုပါတယ်။ Supplies ရယူဖို့ နည်းလမ်းနှစ်မျို:ရှိပါတယ်။

၁။ Steal Supplies ဆိုတဲ့ မြေပုံပေါ်က NPC တွေဆီက တိုက်ယူရတာပါ။ တိုက်ယူပြီးတဲ့ အခါမှာလည်း ရရှိတဲ့ Supplies က random ပါ။ အဲ့အတွက် Supplies ဘားတန်းပြည့်ဖို့ တစ်ခါတစ်လေ ၃-၄ ခေါက်လောက် လုပ်ရပါတယ်။

၂။ Buy Supplies ဆိုတဲ့ ဝယ်ယူခြင်းပါ။ Bar တန်းအပြည့်ဆို $75,000 ကုန်မှာပါ။ အကယ်လို့ ဘားတန်း အပြည့်ဝယ်စရာမလိုရင်တော့ ပိုသက်သာပါမယ်။ ဝယ်ယူတာကတော့ ဘာမှတိုက်ခိုက်စရာမလိုပဲ ဘားတန်းအပြည့် Supplies တွေရမဲ့ အတွက် အချိန်ကုန်သက်သာပါတယ်။ နောက်ပိုင်း ပိုက်ဆံရှာနိုင်ရင်တော့ ဝယ်ဖြည့်ဖို့ပဲ အားပေးပါတယ်။

အိုကေ Supplies ရှိပြီဆိုရင် လုပ်ငန်းစလည်ပတ်ပါပြီ။ အဲ့အတွက် ကုန်ချောဖြစ်တဲ့ Stocks Bar ဟာတက်လာပါတယ်။ Stocks Bar ဟာ ကိုယ် အွန်လိုင်းဖြစ်တဲ့အချိန်(သို့) ဂိမ်းကစားနေတဲ့အချိန်နဲ့တွက်တာဖြစ်တဲ့အတွက် မြန်မြန်ကုန်ချောထွက်ဖို့ အွန်လိုင်းမှာ ကြာကြာနေရပါတယ်။

Stocks တွေရလာပြီဆိုရင် Sell Stocks ဆိုပြီး ပိုက်ဆံရဖို့ ပြန်ရောင်းရပါမယ်။

မှတ်ချက်။ ကိုယ်က တစ်ယောက်ထဲ ကစားတာဖြစ်တာများတဲ့သူဆိုရင်တော့ Stocks Bar တစ်တုံး (သို့) တစ်တုံးခွဲလောက်မှာ ရောင်းသင့်ပါတယ်။ မဟုတ်ရင် ပို့ရမယ့် ယာဉ် ၃ စီး လောက်ပေါ်လာပြီး မြေပုံအနှံလိုက်ပို့ရမှာမလို့ Prospects ဆိုတဲ့ ကိုယ့်ကိုကူမယ့်လူငှားမှ အဆင်ပြေပါမယ်။

*** MC Business တွေဟာ Nightclub နဲ့လည်းချိတ်ဆက်နေပါတယ်။ ကိုယ့် Nightclub ရဲ့ warehouse မှာ ကိုယ်ပိုင်တဲ့ MC Business အမျိုးအစားတစ်ခုခြင်းစီရဲ့ Stocks တစ်မျို:စီထပ်ရရှိပြီး အားလုံးကိုပေါင်းပြီးပြန်လည် ရောင်းချနိုင်မှာဖြစ်ပါတယ်။ ***

အကယ်လို့ CEO Works တွေပြန်လုပ်ချင်တယ်ဆိုရင် MC President Status ကို Interactive Menu (M) > Motorcycle Club President > Disband လုပ်ရမှာဖြစ်ပါတယ်။ ဒါလဲ ပြန်ပြီး Free Register လုပ်လို့ရပါတယ်။

မှတ်ချက်။ GTA Online မှာ Player တစ်​​ယောက်အနေနဲ့ VIP/CEO နဲ့ Motorcycle Club President (MC President) ဆိုပြီးနှစ်ခုခံယူလို့ရပါတယ်။ ဒါပေမယ့် တစ်ကြိမ်မှာ တစ်မျိုးပဲရပါတယ်။ ဆိုလိုတာ VIP/CEO လုပ်မယ်ဆို MC President အဖြစ်ကနေခဏ အနားယူရပါမယ်။ (MC President အချိန်မရွေးပြန်လုပ်လို့ရပါတယ်) အဲ့လိုပဲ MC President လုပ်မယ်ဆို VIP/CEO အဖြစ်ကနေ ထွက်ရပါမယ်။

Gunrunning Bunker Business

Criminal Enterprise Starter Pack မှာနောက်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ Gun Running Business ဆိုတဲ့ လက်နှက်ပစ္စည်းတွေရောင်းချရတဲ့ လုပ်ငန်းလုပ်ဖို့ Bunker တစ်ခုကိုလည်း Free ပေးထားပါတယ်။ အဲ့ Free Bunker ကိုလည်း Maze Bank Foreclosures အောက်ကနေ ရယူနိုင်ပါတယ်။

မှတ်ချက်။ Bunker Business ကတော့ VIP/CEO အနေနဲ့ရော MC President အနေနဲ့ရော ဘယ်ဟာနဲ့ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

Bunker Business ကလည်း MC Business နဲ့ တူတူပါပဲ Supplies နဲ့ Stocks နဲ့ကို အခြေခံထားတာပါပဲ။ ပိုတာဆိုလို့ Research ဆိုတာပါ။ အဲ့ဒါကတော့ နောက်ပိုင်း လက်နက်တွေ ကားတွေကို upgrade လုပ်ဖို့အတွက်ပါ။ လောလောဆယ်မလိုသေးပါဘူး။

အပေါ်ကပြောထားတာတွေကို လုပ်ဆောင်ရင်းနဲ့ ပိုက်ဆံတွေရလာပါမယ်။ ဒီကြားထဲမှာ သူများ Mission ‌တွေ Hiest တွေကိုလည်းပါဝင်ကူညီရင် ပိုက်ဆံနဲ့ PR တွေရပါမယ်။