GTA Online မှာ ကားနံပါတ်ပြားကို ကိုယ်ကြိုက်တဲ့ နာမည်ထားလို့ရပါတယ်။ အဲ့လိုပြောင်းချင်တယ်ဆိုရင်တော့ Rockstar ကထုတ်တဲ့ ifruit ဆိုတဲ့ mobile app ကိုဒေါင်းရပါမယ်။
ifruit app အကြာင်းနဲ့ download link ကို အောက်ကလင့်မှာဖတ်ရှုနိုင်ပါတယ်။
https://www.rockstargames.com/V/downloads/ifruit
Customize Number Plate လုပ်ဖို့အတွက်အဆင့်တွေကတော့
၁။ Andriod, IOS တွေအတွက် သက်ဆိုင်ရာ Google Store နဲ့ Apple Store မှာ ရှာပြီး ifruit app ကိုဒေါင်းရပါမယ်
၂။ ifruit app ကိုဖွင့်ပြီး ကိုယ့်ရဲ့ Rockstar Social Login ထည့်ရပါမယ်
၃။ login in ဝင်ပြီးရင်တော့ အောက်ကအတိုင်း ifruit app ထဲရောက်ပါပြီ
၄။ အပေါ်ထောင့်စွန်းက “ LS Customs” ကိုနိုပ်ပါ
၅။ LS Customs ကိုရောက်ရင် အောက်ဖက် menu ၄ ခုထဲက “ ABC plates” ကိုနိုပ်ပြီး ကိုယ်ပေးချင်တဲ့ နာမည်ရိုက်ထည့်ပါ။
၆။ ပြီးသွားရင် “ Customize” ဆိုတဲ့ menu ကိုနိုပ်ပါ။
၇။ ဒီအဆင့်မှာ သတိထားရမှာက အပေါ်ဆုံးက “ Your GTA online Name” ဆိုတဲ့နေရာမှာ ကိုယ့် နာမည်ဖြစ်နေရပါမယ်။ GTA offline က character နာမည်တွေဖြစ်နေရင် အောက်က အဝါရောင် အတုံးလေးတွေနိုပ်ပြီးပြောင်းပါ။
၈။ အခုပုံမှာ “ vehicle: Grotti Turismo R” ဆိုပြီးပြထားတာကို သတိပြုပါ။ ကားနာမည်ကတစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဖူး။ GTA Online စကစားစဉ်က ကိုယ်ပထမဆုံးအသုံးပြုခဲ့တဲ့ကားကို မှတ်ထားတာမလို့ပါ။ နောက်ကားတစ်စီးပြောင်းကြည့်တာပြောင်းလို့မရပါဖူး။
၉။ အပေါ်ထောင့်က နံပါတ်ပြားက ခုန “ ABC plates” မှာ ကိုယ့်စိတ်ကြိုက်ဖန်တီးခဲ့ရင် အဲ့မှာပေါ်နေပါတယ်။ အကယ်လို့ကိုပြောင်းချင်တာ မဟုတ်သေးဖူးဆိုရင် နိုပ်ပြီးပြန်ရွေးလို့ရပါတယ်။
၁၀။ အားလုံးအဆင်သင့်ဖြစ်ရင်တော့ လိမ္မော်ရောင်နဲ့ “ ORDER” ကိုနိုပ်လိုက်ပါ။
၁၁။ ORDER တင်တာအဆင်ပြေထဲဆိုတာပေါ်လာပါလိမ့်မယ်။
၁၂။ စက္ကန့်ပိုင်းအတွင်း ကိုယ့် GTA Online Game ထဲမှာ အောက်ကအနီနဲ့ဘောင်ခတ်ထားတဲ့စာရောက်လာပါမယ်။
၁၃။ အဲ့မှာပြောထားတဲ့ကား နဲ့ အနီးဆုံး Los Santos Customs ကိုသွားပါ။ နံပါတ်ပြောင်းခ 100,000 ကျပါမယ်။ ပထမတစ်ခေါက်ပဲကျတာပါ။ အဲ့နံပါတ်ပြားကို ကိုယ့်တခြားကားတွေမှာပြောင်းရင်ထပ်မကျပါဖူး။ ဒါပေမယ့် နံပါတ်ပြား နောက်အသစ်တစ်ခုထပ်လုပ်ရင်တော့ ထပ်ကျပါမယ်။ နာမည်မတူတဲ့ နံပါတ်ပြား အခု ၃၀ ထိလုပ်ခွင့်ပေးထားပါတယ်။
၁၄။ ဒါကတော့နောက်တစ်စီးကို ချိန်းထားတာပါ ပိုက်ဆံ ၁၀၀,၀၀၀ ထပ်ပေးစရာမလိုတော့ပါဖူး
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။ Online မှာမြန်မာ Gamer တွေကိုယ်ပိုင် နံပါတ်ပြားလေးတွေနဲ့ လန်းနိုင်ကြပါစေ။