ဇွန်လ ၁ ရက်နေ့နေ့လည်လောက်မှာ Rise of Kingdoms ရဲ့ “ Golden Kingdom” ဆိုတဲ့ update 1.0.34 ထွက်ဖို့ရှိပါတယ်။ အဲ့မှာဘာတွေပါလာမလဲဆိုတော့။ ထုံးစံအတိုင်း ၃နာရီလောက် ကြာမယ်ဆိုထားပါတယ်။ ပြီးခဲ့တဲ့ update ကတော့ ၄နာရီကျော်လောက်ကြာခဲ့ပါတယ်။
1. The “Golden Kingdom” Event is beginning!
“Golden Kingdom” ဆိုတဲ့ Event အသစ်တစ်ခုလာဖို့ရှိပါတယ်။ ဒီ Event ဟာ တစ်ယောက်ထဲကစားရမှာဖြစ်ပြီး ထုတ်ပြထားတဲ့ပုံတွေအရတော့ အခုအခြား Games တွေမှာခေတ်စားနေတဲ့ Auto Chess ပုံစံမျိုးဖြစ်မလားမသိပါဖူး။ အပေါ်ပုံအရတော့ Floor 20 ဆိုတဲ့ chest ပြထားတဲ့အတွက် အဆင့်၂၀ ကစားရမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းမယ့်ပုံပေါ်ပါတယ်။
2. New “Alliance Event Calendar”
“Alliance Event Calendar” ဆိုတဲ့လုပ်ဆောင်ချက်အသစ်ထည့်းသွင်းပေးထားပါတယ်။ အရင်က Event Calendar ကတော့ ဘယ် Event တွေလာမလဲပဲကြည့်လို့ရပါတယ်။ အခုဟာကတော့ Alliance ထဲက Members တွေပေါင်းလုပ်ရမဲ့ Event မျိုးတွေကို ကြိုတင် သတ်မှတ်ကြေငြာထားလို့ရမယ်ထင်ပါတယ်။ အရင်လို Kingdom mail ကပဲပို့တာထက်စာရင် တော်တော်အဆင်ပြေသွားမှာပါ။
3. “ Ceroli Crisis” Improvements
- Team Skill ဆိုတဲ့ Feature အသစ်ထည့်ပေးထားပါတယ်။ (Ark of Osiris က Team Skill နဲ့ပုံစံတူမယ်ထင်ပါတယ်)
- Select Target feature ဆိုတာထည့်ပေးလိုက်တဲ့အတွက် ကိုယ်တိုက်ချင်တဲ့ Target ကိုတိုက်နိုင်မှာဖြစ်ပါတယ်
- Chieftains တွေရဲ့ Target ရွေးတဲ့ Logic နဲ့ Skill တွေကို အဆင့်မြှင့်တင်ထားတယ်ဆိုပါတယ်။ အဲ့အတွက် အရင်ကထက် တိုက်ခိုက်ရတာပိုခက်လာမှာပါ။ ဉပမာ။ သွေးနည်းနေတဲ့သူကို အဓိကထားတိုက်တာမျိုးတွေရှိလာမယ်ထင်ပါတယ်။
4. “Ian’s Ballads” Improvements
- Team Skill ဆိုတဲ့ Feature အသစ်ထည့်ပေးထားပါတယ်
- တိုက်နေရင်းရှုံးသွားတဲ့ တပ်တွေကို ပြန် ခေါ်နိုင်ချိန်မှာ အသိပေး Notification တပ်လာအောင်လုပ်ပေးထားပါတယ်။ Battle က exit လုပ်နိုင်အောင်လဲ Exit Button ထည့်ပေးထားပါတယ်။
5. “Arms Training” Improvements
- Armsmaster Lohar ကို new skill ၁၀ ခုအထက်တိုးထားပါတယ်။ အဲ့အတွက် အရင်ထက်တိုက်ခိုက်အနိုင်ယူရတာပိုခက်လာမှာပါ။
- User Interface(UI) ဆိုတဲ့ screen ပုံစံတွေကိုလဲ ကစားရတဲ့သူတွေ လွယ်ကူအောင် ပြုပြင်ပေးထားပါတယ်။
6. “Lost Kingdom” & “Past Glory” Improvements
- “ Past Glory” ရဲ့ Stage 3 မှာ Æthelflæd ရဲ့ အရုပ်တွေကိုလဲလှယ်ခွင့်မပေးတော့ပါဖူး
- “ Lost Kingdom” event အချိန်မှာ Immigration လုပ်ခဲ့လို့ လက်ရှိ “ Lost Kingdom” မှာ ကိုယ့်မှာရှိတဲ့ Commander ကထွက်သေးရင် အသုံးပြုရမှာမဟုတ် unavailable ဖြစ်နေမှာပါ။ ကိုယ်က အဲ့လို Commander မျိုးကို ကိုယ့်မြို့ရဲ့ Garrison အဖြစ်ထားထားရင် auto သင့်တော်တဲ့တစ်ယောက်နဲ့လဲလှယ်သွားမှာဖြစ်ပါတယ်။
- Ancient Ruins and Altar of Darkness events တွေကိုလျော့ချသွားမှာဖြစ်ပြီး ရနိုင်တဲ့ Honor Point တွေကို ပိုပေးသွားပါမယ်
- Kingdom history progression မှာလိုအပ်တဲ့ Ancient Ruins or Altars of Darkness မှာရှိတဲ့ Stalker တွေကို သတ်ရမယ့်အရေအတွက်တွေကို လျော့ချပေးသွားမှာဖြစ်ပါတယ်။
7. “Barbarian Keep” Improvements
- Chieftain ပေါ်လာရင် သို့မဟုတ် အသတ်ခံလိုက်ရရင် Notification တက်လာပါမယ်
- “Rewards Preview” screen ကိုလည်းပိုကောင်းအောင်ပြုပေးထားပါတယ်
- Barbarian Keeps တွေဟာ Kingdom Map ရဲ့ အလယ်ရောက်လေလေ ပိုခက်လာလေလေလုပ်ပေးထားပါတယ်
8. Equipment Attribute Optimizations
- Pendant of Eternal Night: “Skill damage +5%, normal attack damage -2%” ကို “Skill damage +5%” ပြောင်းထားပါတယ်
- Delane’s Amulet: “Incoming normal attack damage +3, incoming counterattack damage -10%” ကို “Counterattack damage taken -5%” ပြောင်းထားပါတယ်
9. Other Changes
- Governors တွေသုံးလိုက်တဲ့ Skill effect ကို allies ကသုံးတာလား enemy ကသုံးတာလားဆိုတာ ကွဲကွဲပြားပြားမြင်နိုင်အောင်ပြုလုပ်ထားပါတယ်
- Troop Strength Bar Display and Commander Boost Notice ဆိုတဲ့ customization setting တွေထည့်သွင်းပေးထားပါမယ်
- Mail system မှာ Draft လုပ်လို့ရအောင်လုပ်ပေးထားပါတယ်
- DISMANTLE ဆိုတဲ့ လက်နက်တွေကို Materials တွေရအောင်ပြန်ဖျက်စီးတဲ့အခါမှာ ဘယ်လို Materials တွေပြန်ရမယ်ဆိုတာကိုကြိုတင်သိနိုင်အောင် ဖော်ပြပေးမှာဖြစ်ပါတယ်။
- Troops တွေကို Hold & Drag လုပ်နိုင်တာကို Governors အသစ်တွေသိအောင် Animation နဲ့ သင်ပေးသွားမှာဖြစ်ပါတယ်။
- Rally notifications တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်အောင် ပြင်ဆင်ပေးထားပါတယ်
- Commander Eulji Mundeok ရဲ့ ပုံကို တစ်ကယ့်သမိုင်းကလူရဲ့ပုံစံနဲ့ဆင်အောင် ပြုပြင်ထားပါတယ်။
- Alliance leaders တွေက မိမိ Alliance members တွေရဲ့ coordinates ကိုကြည့်လို့ရတော့မှာဖြစ်ပါတယ်။ အဲ့အတွက်အရင်ကလို Title တောင်းရင် ကိုယ့် location ကို chat မှာပို့စရာမလိုလောက်တော့ပါဖူး။
- Ark of Osiris မှာ enemy ရဲ့ safe zone ထဲကိုဝင်လို့ရနေတဲ့ Bug ကို ပြုပြင်ထားပါတယ်
- 12-Hour Peace Shields ကို shop က ဝယ်လို့ရနိုင်တော့မှာဖြစ်ပါတယ်။
- Imperium Kingdoms တွေရဲ့ Immigration Power Cap ကို 25 million to 35 million တိုးပေးလိုက်ပါတယ်။
- ACHIEVEMENT WALL မှာပေါ်စေချင်တဲ့ achievements တွေကို နိုပ်ပြီးလွယ်ကူစွာရွေးနိုင်မှာဖြစ်ပါတယ်။
- “Mayan Mystery” city hall decoration ကို Epic မှ Legendary ပြောင်းပေးထားပါတယ်။
- concoctions and elixirs ရဲ့ကြာချိန်တွေတိုးပေးထားပါတယ်။ Concoctions ကို ၁နာရီနဲ့ elixirs ကိုမိနစ်၃၀
- Commanders တွေရဲ့ Sound effect တွေကို ပိုကောင်းအောင် ပြုပြင်ပေးထားပါတယ်။