Rise of Kingdoms’s update 1.0.36: Summer of Passion

Rise of Kingdoms’s update 1.0.36: Summer of Passion ကို 27/July/2020 06:00UTC ( 12:30PM Myanmar Time) မှာလုပ်ဖို့ရှိပါတယ်။ ထုံးစံအတိုင်း ၃နာရီခန့် ကြာမြင့်မယ်လို့ကြေငြာထားပေမယ့် ဒိထက်ပိုကြာနိုင်ပါတယ်။ Update တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

1. “Summer of Passion” Coming Soon!

7 ရက်တာ Summer Party Quests တွေကိုလုပ်ဆောင်ပြီး rewards တွေရယူရမှာဖြစ်ပါတယ်။

Summer Party Event

Sea of Firefiles: မိမိနဲ့ မိမိအဖွဲ့ဝင်တွေကChest Point တွေကိုစုဆောင်းပြီး reward တွေရယူရမှာဖြစ်ပါတယ်။

Sea of Fireflies Event

2. Equipment System Improvements

  1. Equipment တပ်ဆင်ရတာတွေလွယ်အောင်ပြုလုပ်ထားပါတယ်
  2. Equipment ပြုလုပ်တာကိုပြတဲ့ screen ကိုလည်း Blueprint နဲ့ Fragments တွေအလွယ်တကူမြင်နိုင်အောင်ပြင်ဆင်ပေးထားပါတယ်။
  3. Equipment ပြုလုပ်ရတာလဲလွယ်ကူအောင်ပြင်ဆင်ပေးထားပါတယ်။
  4. Screen Display effect တွေထည့်ပေးထားပါတယ်။

3. “Ian’s Ballads” Improvements

  1. Non-Chieftain ရန်သူတွေကို နိုမ်နင်းရင်လဲ reward တွေရရှိမှာဖြစ်ပါတယ်။
  2. Campaign အတွင်းမှာ Battle မဖြစ်နေတဲ့အချိန်မှာ မိမိ တပ်တွေရဲ့ ရွေ့လျားနှုန်းကိုမြန်ဆန်အောင်ပြင်ဆင်ပေးထားပါတယ်။
  3. Matchmaking မှာ power level ညီမျှအောင်ပြင်ဆင်ပေးထားတဲ့အတွက် event ရဲ့ခက်ခဲမှုကို အတိုင်းတာတစ်ခုထိလျော့ကျစေမှာဖြစ်ပါတယ်။
  4. အကယ်၍မိမိတပ်က ရှုံးနိမ့်ခဲ့ရင် role skill တွေ cool downs ရှိမှာဖြစ်ပြီး Energy Bar အပြည့်ပြန်ရမှာဖြစ်တဲ့အတွက် နောက်တကြိမ်းတိုက်တဲ့အခါမှာ အသင့်ရှိနေမှာဖြစ်ပါတယ်။
  5. Camping တွေက တပ်တွေရဲ့ strength နဲ့ role energy bar တွေပြန် လည်ဖြည့်တင်းပေးမှာဖြစ်လို့ governor တွေဟာ skill တွေကိုအရင်ကထပ်ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
  6. Role Skill တစ်ချို့ကို ပြန်လည်ချိန်ညှိထားပါတယ်။

4. “Ceroli Crisis” Improvements

  1. Chieftain တွေနဲ့ တိုက်ခိုက်တဲ့အခါမှာ Notification တွေထည့်ထားပေးတဲ့အတွက် governors တွေအနေနဲ့တိုက်ခိုက်တဲ့အခါပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။
  2. Data Display မျာ အသစ်တွေထည့်ထားပေးတဲ့အတွက် ကိုယ့်တပ်ရဲ့ အခြေအနေတွေကို ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်။
  3. Chat Channel ကို ထည့်သွင်းပေးလိုက်တဲ့အတွက် အတူတစ်တိုက်ခိုက်နေသူတွေနဲ့ အချင်းချင်း ဆက်သွယ်လို့ရသွားပါမယ်

5. Sunset Canyon Improvements

  1. Sunset Canyon ရဲ့ Daily နဲ့ Season rewards မှာ Rank တွေ ထပ်တိုးပေးထားပါတယ်။
  2. Historical ranking တွေကြည့်လို့ရအောင်ပြုလုပ်ပေးထားပါတယ်။
  3. Screen Display Effects တွေပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။

6. Silk Road Improvements

  1. Caravan နောက်ကို လိုက်ရုံနဲ့ Individual Credits တွေရရှိနိုင်မှာဖြစ်ပါတယ်။
  2. Alliance Leaders နဲ့ Officers တွေအနေနဲ့ မနိုင်နိုင်တော့ဘူးထင်ရင် အပြီးထိစောင့်စရာမလိုပဲ အရှုံးပေးလို့ရပါပြီ။ အဲ့လိုအရှုံးပေးလိုက်ပေမယ် Try နိုင်တဲ့ limit ကိုမထိခိုက်ပါဘူး။

7. Other Changes

  • Golden Kingdom ရဲ့ difficulty ကိုလျော့ချပေးထားပါတယ်။ နောက်ပြီး နောက်ခံမြင်ကွင်းအသစ်လေးတွေလဲထည့်ပေးထားပါတယ်။
  • Commander အသစ်တွေကို upgrade လုပ်တဲ့အခါမှာ အသုံးပြုခဲ့တဲ့ items အရေအတွက် မှတ်သားထားပေးမှာဖြစ်ပြီး commander ရဲ့ information page မှာပြန်လဲကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ မှတ်သားမှုများကို ဒီupdate အပြီးမှာမစတင်မှာဖြစ်တဲ့အတွက် update မတိုင်ခင်က ဟာတွေတော့ သိရှိနိုင်မှာမဟုတ်ပါဘူး။
  • Governor တစ်ယောက်ဟာ passport page ကို အသုံးပြုပြီး အခြား Kingdom ကို immigrate လုပ်ခဲ့မယ်ဆိုရင် သွားမယ့် Kingdom က Governor တွေအကုန်လုံးကို Notification Message နဲ့ အသိပေးသွားမှာဖြစ်ပါတယ်။
  • Lost Kingdom ပြီးလို့ ကိုယ့် Kingdom ကိုပြန်တဲ့အခါမှာ Targeted Teleport အစား Random Teleport ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။
  • Wu Zetian ကို Lost Kingdom Season 2 မှာ အသုံးပြုခွင့်ပေးမှာမဟုတ်ပါဘူး။
  • Theodora’s ရဲ့ active skill effect area ကို တိုးပေးထားပါတယ်။
  • Garden of Infinity event ရြဲ့ rewards နဲ့ တွက်ချက်ပုံတွေကို ပိုကောင်းအောင်ပြုလုပ်ပေးထားပါတယ်။
  • King Skills တွေကို ချိန်ညှိထားပါတယ်။
  • “ Tax” အသုံးပြုမှုကို gems ၅၀ရာခိုင်နှုန်းလျော့ချပေးထားပြီး resource cap ကို resource type တစ်မျိုးခြင်းစီအတွက် ၁၂ မီလီယန်တိုးပေးထားပါတယ်။
  • “ Imprison” ရဲ့ cool down ကို ယခင်၃နာရီ မှ ၁၅နာရီတိုးထားပြီး effect duration ကိုတော့ ၁၀ မိနစ်လျော့ထားပါတယ်။