Rise of Kingdoms’s update 1.0.37: Geared Up

Rise of Kingdoms’s update 1.0.37: Geared Up ကို 13/Aug/2020 06:00UTC ( 12:30PM Myanmar Time) မှာလုပ်ဖို့ရှိပါတယ်။ ထုံးစံအတိုင်း ၃နာရီခန့် ကြာမြင့်မယ်လို့ကြေငြာထားပေမယ့် ဒိထက်ပိုကြာနိုင်ပါတယ်။ Update တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Equipment System Optimizations

Governors တွေထံမှ Equipment System နဲ့ပတ်သတ်ပြီး အရေးပါတဲ့ အကြံပေးချက်တွေရရှိခဲ့ပါတယ်။ အထူးသဖြင့် “ လုပ်ဆောင်ရတာအရမ်ရှုတ်ပါတယ်တို့” “ attribute bonuses ကအရမ်းနည်းတယ်တို့” “ Materials တွေစုရတာအရမ်းခက်တယ်တို့” စသည်ဖြင့်။ အဲ့အတွက် Equipment system ကိုပိုကောင်းအောင်ပြုပြင်ပေးထားပါတယ်။

၁) Equipment materials ၄မျိုးပဲလိုပါတော့မယ်။ ဒီ update လုပ်ပြီးတာနဲ့ မလိုအပ်တော့မယ့် materials တွေကို ပြန်သိမ်းမှာဖြစ်ပြီး အသုံပြုလို့ရမယ့် Materials ကို ကိုယ်ကြိုက်တာနဲ့ ကွာလတီနဲ့ အရေအတွက်တူတူပြန်လဲပေးမှာဖြစ်ပါတယ်။

၂) Equipment တွေရဲ့ attributes တွေကိုလည်း ပိုမျှတအောင်ပြုလုပ်ပေးထားပါတယ်။

၃) Equipment အသစ်တော်တော်များများထပ်ဖြည့်ပေးထားပါတယ်။

၄) “Ceroli Crisis”, “Ian’s Ballads”, “Shadow Legion Invasion”, “Sunset Canyon”, “Golden Kingdom” နဲ့ တစ်ခြား event တွေမှာ Equipment Blueprint ရတဲ့နှုန်းကို ပိုကောင်းအောင်ချိန်ညှိပေးထားပါတယ်

၅) Elite and Epic equipment တော်တော်များများရဲ့ ပြုလုပ်ရာမှာလိုအပ်တဲ့ Material ကိုလည်းလျော့ချပေးထားပါတယ်။ အကယ်လို့ အဲ့လို Equipment တွေလက်တလောပြုလုပ်ခဲ့မိတယ်ဆိုရင် update ပြီးတာနဲ့ ပိုအသုံးပြုခဲ့ရတဲ့ Material အရေအတွက်တွေကိုပြန်ပေးပါမယ်။

၆) Equipment Chests ဆိုတဲ့ chest အသစ်ကို Tavern မှာထပ်တိုးပေးထားပါတယ်။ အဲ့ chest အတွက် လိုအပ်တဲ့ key ကိုတော့ Events တွေမှာရနိုင်မှာပါ။

၇) equipment material chests and equipment blueprint chests တွေကို VIP shop မှာထပ်တိုးထားပါတယ်။

၈) Super-value “Geared Up” bundle ကိုအသစ်ထည့်းထားပြီး “The Hammer and Anvil” ဆိုတဲ့ bundle အဟောင်းကို ဖြုတ်ထားပါတယ်။

2. “Light and Darkness” Event Optimizations

၁) Light and Darkness” က teaming up screen ကိုပိုကောင်းအောင်ပြုလုပ်ပေးထားပါတယ်။

၂) Teaming up screen က Kingdom announcement ကို ‌auto-translate feature ထည့်ပေးထားပါတယ်။

၃) Lost Kingdom မှာ ကိုယ့် Kingdom ရဲ့ အနိုင်နဲ့ အရှုံးတွေကို Kingdom Honor page မှာ event ပြီးသွားရင် မှတ်သားပေးသွားမှာဖြစ်ပါတယ်

3. Other optimizations

၁) “Ceroli Crisis” event ရဲ့ leader board ကို ပိုကောင်းအောင်ပြင်ဆင်ထားပါတယ်။ General တိုင်းဟာ ကိုယ်ပိုင် ranking ရှိလာပါတော့မယ်။ အရင် Leader board အဟောင်းက data တွေတော့ ဒီ Update နဲ့အတူဖျက်ပစ်လိုက်မှာဖြစ်ပါတယ်။

၂) “Ceroli Crisis” event က တစ်ချို့ General တွေရဲ့ တိုက်ခိုက်ရတာခက်ခဲမှုတွေကို အဆင်ပြေအောင်ညှိပေးထားပါတယ်။

၃) Tomyris’ skill ရဲ့ Poison effect ကို မပြပေးတဲ့ ပြဿနာကိုလည်း ပြင်ပေးထားပါတယ်

၄) Items တွေကို အရေအတွက် Max ဆိုပြီးအသုံးပြုတဲ့အခါမှာ အတည်ပြုချက်တောင်းခံတဲ့ box ပေါ်လာမှာဖြစ်တဲ့အတွက် အရင်လိုမှားနိုပ်မိတာတွေမဖြစ်အောင် ပြင်ဆင်ထားပါတယ်။

၅) Commander တွေရဲ့ Star Level တွေတင်သလိုပဲ Equipment တွေပြုလုပ်တဲ့အခါမှာ နောက်ဆုံးအသုံးပြုခဲ့တဲ့ material ကိုမှတ်ပေးထားမှာဖြစ်တဲ့အတွက် ထပ်ရွေးပေးစရာမလိုအောင် ပြင်ဆင်ပေးထားပါတယ်။

၆) “Trophy Hunter” ဆိုတဲ့ Commander Talent Tree ရဲ့ effect က action point သုံးပြီး barbarians တွေကိုသတ်မှအသုံးဝင်မှာဖြစ်ပါတယ်။

၇) Eve of the Crusade ရဲ့ Stage 3 ဖြစ်တဲ့ Defeating a Marauder Encampment ဟာအရင်ကလို crusade points တွေကို Rally မှာပါဝင်တဲ့ Troops အရေအတွက်နဲ့ပေးတာ မဟုတ်တော့ပဲ တိုက်နိုင်တဲ့ Marauder Encampment အရေအတွက်ကိုပဲ Fixed amount နဲ့ပေးသွားမှာဖြစ်ပါတယ်။ (အဲ့အတွက် Governor အရေအတွက်နည်းတဲ့ Kingdom တွေအတွက် တော်တော်အဆင်ပြေသွားမှာဖြစ်ပါတယ်။)