GTA 6 ပေါက်ကြားမှုနဲ့ပတ်သက်ပြီး UK နိုင်ငံမှအသက်၁၇နှစ်အရွယ်လူငယ်တစ်ဦး ကိုရဲတွေကဖမ်းဆီးခဲ့ပါတယ်။
Reuters သတင်းထောက်ဟောင်းရဲ့ Twitter အကောင့်မှအဆိုအရ ဒီဖမ်းဆီးမှုဟာ GTA 6 ရဲ့သတင်းအချက်အလက်တွေ ဖောက်ထွင်းခိုးယူခံရမှုနဲ့ တိုက်ရိုက်ပတ်သတ်နေတယ်လို့သိရပါတယ်။
ဒီဖမ်းဆီမှုကို UK ရဲတွေဟာ FBI နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာလို သိရှိရပါတယ်။ မကြာမှီမှာလဲ ယခုလိုဖမ်းဆီရတဲ့အကြောင်းအရင်းကို အသေးစိတ်ထုတ်ပြန်သွားမယ်လို့သိရှိရပါတယ်။
ဒီဖောက်ထွင်းမှုကိုလုပ်ဆောင်ခဲ့တာဟာ Lapsus$ လို့ခေါ်တဲ့ hacking group တစ်ခုဖြစ်မယ်လို့သုံးသပ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ Microsoft, Samsung နဲ့ Cisco လိုကုပ္မဏီအကြီးတွေကိုတိုက်ခိုက်ခဲ့ဖူးပြီး မကြာသေးခင်ကမှ Uber ကုပ္မဏီကိုလဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ယခုဖမ်းဆီးလိုက်တဲ့လူငယ်ဟာလဲ ဒီအဖွဲ့နဲ့ဆက်စပ်မှုရှိတယ်လို့ သံသယရှိနေပါတယ်။
ဒီဖမ်းဆီးခံရတဲ့ လူငယ်နဲ့ Lapsus$ ဟာရအရင်ကလဲပတ်သတ်မှုတွေရှိခဲ့ဖူးတယ်လို့ဆိုထားပါတယ်။ ဒီလူငယ်ဟာပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလဲ သန်းချီတန်တဲ့ cyber တိုက်ခိုက်မှုတစ်ခုမှာ သံသယဖြစ်သူအနေနဲ့လဲအဖမ်းခံခဲ့ရဖူးပါတယ်။
အခုအချိန်မှာတော့ တိကျတဲ့ထုတ်ပြန်မှုမရှိသေးတဲ့အတွက် ဒီလူငယ်ကို ဘယ်လိုဆက်စီရင်မလဲဆိုတာတော့မသိရသေးပါဘူး။